ဘဝလေးတွေလှစေဖို့
တေဇလူငယ် ဒို့လူငယ် စည်းကမ်းရှိကြမယ်
စည်းကမ်းမဲ့စွာ နေထိုင်က ဘဝပျက်စီးရ
ဘဝလေးတွေ လှဖို့ရာ စည်းကမ်းရှိကြပါ
စည်းကမ်းဆိုတာ လူ့တန်ဖိုး ဘဝဘယ်မညိုး
တေဇလူငယ် ဒို့လူငယ် ပညာ၊စာကိုကြိုးစားသင်ယူမယ်
ပညာပြည့်ဝ နှလုံးလှ အားလုံးလိုတာရ
ပညာမဲ့ရှာ ဘဝမှာ ဘာမှသုံးမရပါ
ပညာဆိုတာ ဂုဏ်တန်ခိုး ဘဝအလင်းရောင်မျိုး
တေဇလူငယ် ဒို့လူငယ် စေတနာစိတ်ကောင်းထားကြမယ်
စေတနာကောင်းတွေထားရှိမှ ဘဝအေးချမ်းလှ
စေတနာစိတ်ထား မကောင်းပါ ဘဝကံဆိုးမှာ
စေတနာဆိုတာ ပန်းလိုမျိုး သေချာပြုစုပျိုး
တေဇလူငယ် ဒို့လူငယ် လိမ္မာယဉ်ကျေးကြရမယ်
ယဉ်ကျေးလိမ္မာ ရှိသူမှာ အားလုံးချစ်ကြမှာ
ယဉ်ကျေးလိမ္မာ မရှိပါ အားလုံးဝိုင်းပယ်မှာ
ယဉ်ကျေးမှုဆိုတာ မေတ္တာမိုး အားလုံးအပေါ်သွန်းဖြိုး
စည်းကမ်းပညာ စေတာနာ လိမ္မာယဉ်ကျေးကြလျှင်သာ
ဘဝကြီးက သာယာလှ မြင်သူတိုင်းကအားတွေကျ
ရိုးသားမှုသည် အကောင်းဆုံး အရင်းနှီး
ကြိုးစားမှုသည် အထိရောက်ဆုံး တွန်းအား
နိုးကြားမှုသည် အကြီးမားဆုံး အခွင့်အရေး
တေဇလူငယ် ဒို့လူငယ် စည်းကမ်းရှိကြမယ်
စည်းကမ်းမဲ့စွာ နေထိုင်က ဘဝပျက်စီးရ
ဘဝလေးတွေ လှဖို့ရာ စည်းကမ်းရှိကြပါ
စည်းကမ်းဆိုတာ လူ့တန်ဖိုး ဘဝဘယ်မညိုး
တေဇလူငယ် ဒို့လူငယ် ပညာ၊စာကိုကြိုးစားသင်ယူမယ်
ပညာပြည့်ဝ နှလုံးလှ အားလုံးလိုတာရ
ပညာမဲ့ရှာ ဘဝမှာ ဘာမှသုံးမရပါ
ပညာဆိုတာ ဂုဏ်တန်ခိုး ဘဝအလင်းရောင်မျိုး
တေဇလူငယ် ဒို့လူငယ် စေတနာစိတ်ကောင်းထားကြမယ်
စေတနာကောင်းတွေထားရှိမှ ဘဝအေးချမ်းလှ
စေတနာစိတ်ထား မကောင်းပါ ဘဝကံဆိုးမှာ
စေတနာဆိုတာ ပန်းလိုမျိုး သေချာပြုစုပျိုး
တေဇလူငယ် ဒို့လူငယ် လိမ္မာယဉ်ကျေးကြရမယ်
ယဉ်ကျေးလိမ္မာ ရှိသူမှာ အားလုံးချစ်ကြမှာ
ယဉ်ကျေးလိမ္မာ မရှိပါ အားလုံးဝိုင်းပယ်မှာ
ယဉ်ကျေးမှုဆိုတာ မေတ္တာမိုး အားလုံးအပေါ်သွန်းဖြိုး
စည်းကမ်းပညာ စေတာနာ လိမ္မာယဉ်ကျေးကြလျှင်သာ
ဘဝကြီးက သာယာလှ မြင်သူတိုင်းကအားတွေကျ
ရိုးသားမှုသည် အကောင်းဆုံး အရင်းနှီး
ကြိုးစားမှုသည် အထိရောက်ဆုံး တွန်းအား
နိုးကြားမှုသည် အကြီးမားဆုံး အခွင့်အရေး






