နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိ စင်္ကြမုနိရုပ်ပွားတော်သို့....
|
![]() |
![]() |
![]() |
မင်္ဂလာပါနော်. ဒီနေ့ဟာ ကျွန်မတို့ ဗုဒ္ဓဘာသာများအတွက် တပေါင်းလပြည့်နေ့ ဖြစ်ပါတယ်။ အခါကြီး ရက်ကြီး ဖြစ်လေတော့ ကောင်းမှုကုသိုလ် ပြုကြတဲ့ ဓမ္မတာ ကျွန်မရဲ့ ချစ်စွာသော မိတ်ဆွေတို့ကို ဘုရားဖူး ကုသိုလ် ပေးဝေချင်ပါတယ်။ မကြာခင်ကမှ ကျွန်မဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ရှေးဟောင်း ဘုရားများကို ဖူးမျှော်ရင်း ဓာတ်ပုံလည်းရိုက်ဖို့ သွားခဲ့ပါတယ်။ ရခိုင်ဘုရင်များ တည်ထားခဲ့တဲ့ ကြီးကျယ် ခမ်းနားလှသော ရှေးဟောင်းစေတီပုထိုးတွေနဲ့ စိတ်ဝင်စားဖို့ အလွန် ကောင်းလှတဲ့ မြောက်ဦးမြို့ကို သွားဖို့အတွက် ရန်ကုန်မှ လေယာဉ်ဖြင့် စစ်တွေမြို့သို့ အရင်သွားရပါတယ်။ ရန်ကုန်မြောက်ဦးကို ကားလမ်းကနေ သွားနိုင်ပေမဲ့လို့ အချိန်ကို ချွေတာပြီး လေယာဉ် ခရီးကို ရွေးချယ် ဖြစ် ခဲ့ပါတယ်။ စစ်တွေရောက်တဲ့အခါ အဲဒီကမှ တဆင့် မြောက်ဦးမြို့ကို ရေလမ်း၊ ကားလမ်းဖြင့် ဆက်လက်သွားရပါတယ်။ အဲဒီလို မြောက်ဦးမြို့ကို ဆက်ပြီး မသွားခင်မှာ စစ်တွေမြို့မှာ တစ်ညအိပ်ခဲ့စဉ် စစ်တွေမြို့ရဲ့ အထင်ကရ နေရာများနဲ့ ဘုရားများကို လိုက်ဖူးခဲ့ပါတယ်။ စစ်တွေမှာ ထူးထူးခြားခြား ဖူးတွေ့ခဲ့ရတဲ့ ဗုဒ္ဓ ရုပ်ပွားတော် အကြောင်းကို ဖော်ပြချင်တာကြောင့် ဒီနေ့မှာ ဒီပိုစ့်လေးကို ရေးဖြစ်တာပါ။ အားလုံးလည်း ကျွန်မနဲ့အတူ ဘုရားဖူး ကုသိုလ် ယူကြပါစို့လို့နော်။
ရန်ကုန်ကနေ စစ်တွေကို တစ်နာရီကျော်လောက် လေယာဉ်စီးပြီးနောက်မှာ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေလေဆိပ်ကို ဆိုက်ရောက်ပါတယ်။ ကျွန်မ သွားတဲ့အချိန်ဟာ Tour season ဖြစ် တာကြောင့် လေယာဉ် တစ်စီးလုံး နီးပါး နိုင်ငံခြားသား ခရီးသွားများ ဖြစ်တာကိုတွေ့ရပါတယ်။ သူတို့ရဲ့ အဓိက ခရီးဟာလည်း မြောက်ဦးမြို့ကို သွားတာ ဖြစ်ပါတယ်။ ဒီတော့မှ မြောက်ဦးမြို့ ဟာ နိုင်ငံခြားသား ခရီးသွားတွေ အလာများတဲ့နေရာ၊ သိပ် စိတ်ဝင်စားကြတဲ့ နေရာဆိုတာ သိရပါတော့တယ်။





No comments:
Post a Comment