Saturday, August 3, 2013

မည်သည့်တရားသည် မင်္ဂလာတရားနည်း




မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍
လူနှင့်နတ်တို့ သည် ၁၂ နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း
အဖြေမှန် မရခဲ့ပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော
မင်္ဂလာတရားပေါင်း ၃၈ ပါး ရှိလိမ့်မည် ဟူ၍လည်း
မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။

လူတစ်ယောက်စီ တစ်ယောက်စီထက်လည်းကောင်း၊
သန်းပေါင်းများစွာသော လူသားအားလုံးတို့ ထက်လည်းကောင်း၊
သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည်
လောကအကျိုးကို ရှေ့ ရှုလျက် မင်္ဂလာတရား ၃၈ ပါးကို
အောက်ပါအတိုင်း ထုတ်ဖော်ဟောကြားတော်မူခဲ့၏။
မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို ပယ်ဖျောက်တတ်၏။

No comments:

Post a Comment