တစ်နေ့ မှာ ၅ မိနစ်လောက်ဖြစ်ဖြစ် သမထ၊ ၀ိပသနာ မလုပ်ချင်ကြဘူးလား?
ဒီနေ့ နံနက်စောစော ဘုရားရှိခိုးရင်း ဂုဏ်တော်ကို စိတ်နဲ့ ပွားရင်း
စိတ်လည်းတော်တော်ကြည်လင်လာပ
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရားဆိုတဲ့ တစ်လုံးထဲနဲ့ တင် စိတ်ထဲ က လောဘ၊ဒေါသ၊မောဟ တွေပါးလာပြီး တခဏ ကွာကျပြီး ဘုရား ဓာတ်ကို ကူးယူပါတယ်။
အာနာပါန ခဏလောက် ရှုပွားတယ်ဆိုရင်ဘဲ စိတ်ရဲ့ ငြိမ်းချမ်းခြင်း ကို ကျေကျေနပ်နပ် ခံစားရမှာပါ။
ဝိပသနာကိုပါ အနည်းငယ်ရှုမှတ်လိုက်မယ်ဆို
စဉ်းစားမိပါတယ်။
တိရစ္ဆာန်များ ငါ ဖြစ်နေခဲ့ ရင် ငါ ဒီတရားတွေ မှတ်ချင်လိုက်တာ ဆိုရင်လည်း ဘယ်လို များ မှတ်လို့ ဖြစ်ပါ့မလဲ?
ငါသာ ပြိတ္တာဖြစ်နေခဲ့ ရင် သမထ ပွားချင်တယ်။ ၀ိပသနာ ခဏလောက်ပွားချင်တယ်ဆိုရင်..
ငါသာ ခုနေ နတ်ဖြစ်ခဲ့ ရင်ပျော်နေ၊ပါးနေ တာနဲ့ ဘယ်နေရာမှာ သွားမှတ်ရ ပါ့မလဲ။ ကုသိုလ်တွေကို သတိတောင်ရပါ့မလား.....
ငါသာ ငရဲကျနေတယ်ဆိုရင်တော့ ကုသိုလ်ဆိုတာ တွေးချိန်တောင် ရမှာမဟုတ်ပါဘူး။
ခုလူဖြစ်နေတုန်းနဲ့ အခါအခွင့်သင့်တုန်း၊ ကျန်းမာရေးနဲ့ ရုန်းကန်ရမှု အခြေအနေ မများတုန်းမှာ ၂၄ နာရီထဲက ၅ မိနစ်လောက်ကစပြီး အခြားလူတွေလည်း သမထ သော်လည်းကောင်း၊၀ိပသနာသော်လ
ကိုယ့်ရဲ့ ဘ၀နဲ့ ကိုယ့်အကျိုးပေးတွေကို အလဟသ မဖြုန်းတီးမိပါစေနဲ့လို့ သတိပေးရင်း.......
ပန်းချီ - credit to Zaw Zaw Aung
မေတ္တာဖြင့်
မနန်းမွန်း( အနှိုင်းမဲ့စာတိုပေစများ)

No comments:
Post a Comment