ခန္ဓာကိုယ်ကြီး၊ သင်ထူထောင်
နေ့ရောညရော၊ မီးတွေလောင်
အ၀ိဇ္ဇာဆိုတဲ့၊ တောအုပ်ကြီး၊ မောင်ကာပိတ်ကာဆီး
တဏှာကွန်ထဲ၊ဆင်းတဲ့မောင်၊ ရုန်းလို့ထွက်လို့၊ မရပေါင်
သံသရာရေယဉ်ကြော၊ တမျောထဲမျောတဲ့မောင်၊ လွတ်မြောက်အောင်၊
သတိစွဲလို့၊အမြဲပဲ၊ ကိုယ်စီဆောင်၊ နန်းနိဗ္ဗာန်၊ ထိုခရီးနဲ့၊ အပြီးပဲနီးရအောင်၊ လေးသစ္စာ မြတ်တရားကို၊ ထပ်မနားရှာဖွေဆောင်
အယ်ဒါမှ- သံသရာဆက် ထွက်တဲ့နိဗ္ဗာန်သောင်။
ဘ၀ပြည့်စုံရန် သတိပဋ္ဌာန်
သတိပဋ္ဌန်တရား အားထုတ်လျှင်
လော, ဒေါ, မော, တွေမ၀င်
ဝိပသနာ ဥာန်စဉ်တက်
နိဗ္ဗာန် ဖိုနဲ့မဂ်
ဖိတ်ခေါ်ခင်မင် သူတော်စင်
တရားမြန်မြန်ဝင်
တရားဝင်မှ သင့်ဘဝ
မုချပြည့်စုံရ။
သာသနာခေတ်
သာသနာ ဒီခေတ်ထဲမှာ
အောင်ပွဲနဲ့ကြုံပြီလေ ကြုံရုံသာမနေပဲနဲ့ ကိုယ့်ဖို့လဲပါကြစေ၊
ပါဖို့ရာတို့ဘုရားက မှာကြားခဲ့တာတွေ
ဒါ, သီ, ဘာ, တွဲခိုင်မြဲ ကိုင်ဆွဲနိုင်ပါစေ။
မေတ္တာလဲပွား နိဗ္ဗာန်သွား
ခန္ဓကိုယ်ရုပ် အပုပ်ကောင် အမြဲရှုကာဆောင်
မေတ္တာဂုဏ်ရောင် ပြောင်အောင်ပွား
နိဗ္ဗာန်တိုင်အောင်သွား
နိဗ္ဗာန်သွားဖို့ တရားရှာ သဒ္ဓါဓာတ်လဲ မြဲစေရာ ရှက်ကာကြောက်ကာ ကိုမှာထား အားထုတ်သင်ကြိုးစား ရုပ်ရော နာမ်ရော သည်နှစ်ဖြာ
အမြင်ရှင်းစေရာ အမြင်တကယ် သင်သာရှင်း
နိဗ္ဗာန်တိုင်အောင်လင်း။
အရှင်တေဇောသာရ (ပဲခူး)
မဇ်ၥိမ နိကာယ ပါရဂူ ဓမၼကထိက
ချမ်းမြေ့ရိပ်မြိုင်ကျောင်းတိုက် ပဲခူးမြို့။
No comments:
Post a Comment