သာသနာသက္ကရာဇ်ရေတွက်နည်းကတော့ အကျဉ်းချုပ်မှတ်ရင် ရောက်ရှိတဲ့ မြန်မာသက္ကရာဇ်ကိုတည်
၁၊ ၁၊ ၈၊ ၂၊ ပေါင်းထည့်လိုက်ပါ။ (ဧကော၊ ဧကော၊ အဋ္ဌ၊ ဒွေ)လို့ လင်္ကာမှတ်စီကြပါတယ်။
ဗဟုသုတရအောင် ဘာကြောင့် ဒီလိုထည့်ရတယ်ဆိုတာ အနည်းငယ်အကျယ်ရေးလိုက်ပါတယ်။
ဗုဒ္ဓမြတ်စွာ၏ ဘိုးတော် သီရိမဟာမာယာဒေဝီ၏ ခမည်းတော် အဉ္ဇနမင်းကြီးဟာ အတိတ်သက္ကရာဇ်(၈၆၄၉)ခုကိုဖြိုချပြီး သက္ကရာဇ် (၁)ခု ကစလို့ မဟာသက္ကရာဇ်လို့ ခေါ်စေခဲ့ပါသတဲ့။
ဘိုးတော်အဉ္ဇနမင်းကြီး စတင်ရေတွက်တည်ထောင်ခဲ့တဲ့ မဟာသက္ကရာဇ် ၆၈-ခုမှာ ဘုရားအလောင်းဖွားမြင်ခဲ့တယ်။ မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် ဝင်စံတော်မူခဲ့ပါတယ်။
Tuesday, September 17, 2013
ကိုးကွယ်တယ်ဆိုတာ..ဘာလဲ?
ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင်
ရတနာသုံးပါးကိုကိုးကွယ်ရတယ်။ ကျမ်းဂန်စကားနဲ့ပြောရင်သရဏဂုံတည် ရ တယ်။
‘သရဏဂုံ’လို့ပြောလိုက်တော့ကြောက်မသွားနဲ့။
အဲဒီလိုပြောလိုက်ရင်တို့မြန်မာစကားက ဘယ်ရောက် သွားလဲ... သိလား။
လူသေဆုံးတဲ့ဆီရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီစိတ်ရောက် သွားတယ်။
ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ ဆိုတာပါဠိလို ‘သရဏဂမန’ လို့ခေါ်တယ်။ အဲဒီ ‘သရဏ ဂမန’ ကနေ‘သရဏဂုံ’လို့ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေကပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြော တယ်။
‘သရဏဂုံ’ ဆိုတာပါဠိလို ‘သရဏဂမန’ လို့ခေါ်တယ်။ အဲဒီ ‘သရဏ ဂမန’ ကနေ‘သရဏဂုံ’လို့ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေကပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြော တယ်။
‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။ ‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကားသုံးကြတာ။ မြန်မာမှုပြုကြတာပဲ။ အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအ တိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ ကတော့ ‘သရဏ’ပဲ။ ‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။
သရဏဆိုတာ
‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။
‘သရဏ’ကို
ကျမ်းဂန်တွေကဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော
ဆင်းရဲမှုကိုသတ် တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။ ‘သရဏ’ဆိုတာ
ရှင်းရှင်းပြောရရင် ‘ညှဉ်းဆဲ တတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။ ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကိုဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။ ကာကွယ်ပေးတယ်လို့ သုံးကြစို့။ တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲ တယ်လို့ ဒီလို သုံးရမယ်။ မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။
Monday, September 16, 2013
တန်ခိုးဖြင့်မပြသနိင်သည့် နိဗ္ဗာန်ကို စိုးစဉ်းမျှတူညီသောဂုဏ်များဖြင့် ပြသရာ
နိဗ္ဗာန်သည် ထင်ရှားစွာရှိသော ပရမတ်တရားပင်ဖြစ်၏။ ပရမတ် တရားဖြစ်လို့ သဘောတွေကို ဥာဏ်ဖြင့်သာ ရူမြင်သိရှိနိင်ပေ၏။ နိဗ္ဗာန်၏ အဆင်းသဏ္ဌာန် အရွယ်အစား အတိုင်းအတာကို မည်သည့် နည်းနှင့်မျှ ဆောင်ပြ၍ မရနိင်ပေ။ စိတ် ကိုအလေ့အလာပြုပြီး၍ အဘိဥာဉ် တန်ခိုးနှင့် ပြည့်စုံသော ပုဂ္ဂိုလ် သည် မဟာသမုဒ္ဒရာ ကို ခြင်တွယ်မည်ဆိုသော် ခြင်တွယ်နိင်ရာ၏။ မဟာသမုဒ္ဒရာမှာ နေထိုင်ကြသော သတ္တ၀ါတို့ ကို ရေတွက်မည်ဆိုသော် ရေတွက်နိင်ရာ၏။ ထိုပုဂ္ဂိုလ် သည် နိဗ္ဗာန် ၏ အဆင်းသဏ္ဌာန် အရွယ်အစား အတိုင်းအတာ ကို မည်သည့် နည်းနှင့်မျှ မ ဆောင်ပြ နိင်ပေရာ သို့ ပေမယ့် နိဗ္ဗာန်ကိုဆောင်ယူခြင်းငှာမပြသ နိင်သော်လည်း စိုးစဉ်း မျှ တူညီသော ဂုဏ်ကို တူညီသော သဘောဖြင့် ဆီလျော် ဥပမာ ပြသနိင်၏။
နိဗ္ဗာန်နှင့် ဆီလျော် တူညီသော ဂုဏ်တို့ မှာ
ပဒုမ္မာကြာ၏ ဂုဏ်တစ်ပါး၊ ရေ၏ ဂုဏ် နှစ်ပါး၊ ဆေး၏ ဂုဏ်သုံးပါး၊ မဟာသမုဒ္ဒရာ၏ ဂုဏ်လေးပါး၊ ဘောဇဉ်၏ ဂုဏ်ငါးပါး၊ ကောင်းကင်၏ ဂုဏ်ဆယ်ပါး၊ ပတ္တမြား ရတနာ၏ ဂုဏ်သုံးပါး၊ စန္ဒကူးနီ ၏ ဂုဏ်သုံးပါး၊ ထောပတ်ကြည်၏ ဂုဏ်သုံးပါး၊ တောင်ထွတ်၏ ဂုဏ်ငါးပါး တို့ သည် နိဗ္ဗာန်နှင့်ဆီလျော်ကုန်၏။



No comments:
Post a Comment