Friday, August 30, 2013


သမာဓိကိုကြီးစွာထူထောင်ကြပါစို့။(အမြင့်မြတ်ဆုံးသမာဓိကိုထူထောင်ကြပါစို့)

သမာဓိအမျိုးမျိုး ရှိတဲ့အထဲမှာ အမြတ်ဆုံးသမာဓိကိုမြတ်စွာဘုရားကိုယ်တော်တိုင်ဖေါ်ထုပ်ပြထားသော“ရတနာသုတ်”မှာရှိပါသည်.။အနက်အား

ဖေါ်ပြရပါလျှင် “ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်မဂ်လေးပါးနှင့်ယှဉ်သော သမာဓိကို ကိလေသာမှကင်းပြီး စင်

ကြယ်သောသမာဓိဟုချီးမွှမ်းမြှောက်စားဟောကြားတော်မူခဲ့၏။အရိယာမဂ်နှင့်ယှဉ်သောသမာဓိသည် မိမိ၏အခြား

မဲ့ဍ် နိဗာန်အကျိုးကို အခါမလင့် အကျိုးပေး၏-ဟူပြီးဘုရားရှင်တို့သည် ဟောကြားတော်မူကုန်ပြီ၊ထိုမဂ်လေးပါးနှင့်

ယှဉ်သည့်သမာဓိနှင့်တူသော ရူပ၊ အရူပ၊ သမာဓိသည်မရှိ၊ ထို…ဆက်လက်ဖတ်ရူရန်.........
mathandarthwin မှ သြဂုတ် 29, 2013 8:52pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ — 1 Comment

" တရားလမ်းကြောင်းမှန် မမှန် "

ဒီခေါင်းစဉ်နဲ့စာတပုဒ်လောက်ရေးဖို့စဉ်းစား နေတာကြာပါပြီ။တရားအားထုတ်လာတာနဲ့အမျှ တိုးတက်ပြောင်းလည်းလာရမဲ့ကာယကံ ဝစီကံ မ နောကံအရည်အ သွေးတွေဟာ မိမိတို့အားထုတ်နေတဲ့တရားလမ်းကြောင်း မှန်မမှန်ကိုပြဆိုနေပါတယ်။ တရားအသိဥာဏ် တစ်ခုတကယ်ဖြစ် ရိုးမှန် ရင် ဆိုင် ရာကိလေ သာတွေဟာပါးကိုပါးလာရမှာပါ။

ဒီအ ကြောင်းတွေကိုမိမိထက်သီလ သမာဓိ ပညာများစွာပြည့်စုံလှတဲ့ဆရာတော်ရဲ့တရား စာအုပ်ထဲမှာတွေ့ရတာနဲ့ကူးယူပြီးပူဇော် လိုက် ရပါတယ်။
"ငါ့မှာလိုနေတယ် ငါ့မှာလိုနေတယ် လို့လူတိုင်းဖြစ်တတ်ပါတယ်။အခုလိုဖြစ်ဖို့အ…
ဆက်လက်ဖတ်ရူရန်.........
ကောင်းမြတ်ဇော် မှ သြဂုတ် 21, 2013 11:23pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ — 2 Comments

Different Aspects of Mindfulness(1999)


Different Aspects of Mindfulness (1999)

ဝင်လေ ထွက်လေ တစ်ခုတည်းသာ စူးစိုက်မှတ်ရတာမဟုတ် (Not only Breathing)
(ဆရာတော် ဒေါက်တာ ဦးဓမ္မသာမိ၏ "Different Aspects of Mindfulness (1999)" မှ ဘာသာပြန်ထားပါသည်။)
ဒီနေရာမှာ ဆွေးနွေးချင်တာက တရားမှတ်ရာမှာ ထွက်သက်ဝင်သက်သာ အရှုခံအာရုံမှန်ဖြစ်တယ်၊ အခြားအာရုံသို့ စိတ်ရောက်နေလျှင် မမှန်ဆိုတာ အတွေးအမြင်ပေါ်တတ်ပုံနှင့် ယင်းအတွေးအမြင်က သတိတရားအစစ်အမှန် တည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်တတ်ပုံတို့ဖြစ်ပါတယ်။
တရားမှတ်ရာမှာ ရှုမှတ်နိုင်တဲ့ အရှုခံအာရုံတွေ အများကြီးရှိပါတယ်။ ဥပမာ…ထွက်လေ၀င်လေ၊…
ဆက်လက်ဖတ်ရူရန်.........
ကောင်းမြတ်ဇော် မှ သြဂုတ် 21, 2013 11:00pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ — မှတ်ချက်မရှိသေးပါ

" ဘဝထဲမှာတရားရှိ စေချင် ပါတယ် " (ဆရာတော်ဦးတေဇနိယ-ရွှေဥမင်တောရ) အပိုင်း၂

"တရားအားထုတ်တဲ့နေရာမှာသိထားရမှာက တရားအားထုတ်တာကိုသ ဘောပေါက်ဖို့ထက် မတရားအားထုတ်နေတာကိုအရင် သ ဘော ပေါက် ရမှာ။စိတ်ဆိုတာကောင်းတဲ့စိတ်တွေ မွေးမြူရမယ်။ကောင်းတဲ့စိတ်တွေဖြစ်စေရ မယ်။တရားအားထုတ်မဲ့စိတ်ကကုသိုလ်စိတ်ကို ဖြစ်နေရမှာ။တရားသဖြင့်ကိုဖြစ်နေရမှာ။ လောဘစိတ်နဲ့အားထုတ် ရင် မတရားဘူး။ လိုချင် တာတွေများနေတယ်။ဟိုလိုဖြစ်ချင် ဒီလိုဖြစ် ချင် လို့အားထုတ်နေရင်လောဘပါ နေရင် အဲဒါတရားအားထုတ်တယ် မ ခေါ်ဘူး။ နောက်ပြီးအားမရတာမ ကျေနပ်တာတွေ နဲ့အား ထုတ် ရင် လဲတရားအားထုတ်တယ်မ ခေါ်ဘူး။ နောက်တစ်ခုကအဆိုးဆုံး။ထင် ချင်…
ဆက်လက်ဖတ်ရူရန်.........
ကောင်းမြတ်ဇော် မှ သြဂုတ် 20, 2013 7:48pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ — 1 Comment

သမာဓိကိုကြီးစွာထူထောင်ကြပါစို့။

သမာဓိဆိုတဲ့နေ၇ာမှာသေသေချာချာပြောမှ၇ှင်းနိုင်ပါမယ်။
သမ္မာသမာဓိနဲ့မိစ္ဆာသမာဓိလို့၂မျိုး၇ှိပါတယ်။
ဒါကြောင့်သမ္မာသမာဓိကိုကြီးစွာထူထောင်၇မှာဖြစ်ပါတယ်။
ဆ၇ာတော်၇ဲ့အဆိုအ၇ဆို၇င်၇တနာသုတ်မှပါတဲ့အပိုဒ်

ကိုအနက်ဖေါ်ပြ၇၇င်ဘု၇ား၇ှင်ကိုယ်မြတ်ကြီးသည်မဂ်လေးပါးနှင့်ယှဉ်သောသမာဓိကိုကိလေသာမှကင်းပြီးစင်ကြယ်

သောသမာဓိဟုချီးမြှင့်မြှောက်စားဟောကြားတော်မူခဲ့ဧ။်။
အ၇ိယာမဂ်နှင့်ယှဉ်သောသမာဓိသည်မိမိဧ။်အခြားမဲ့၌နိဗ္ဗာန်အကျိုးကိုပေးဧ။်ဟုဟောကြားတော်မူသည်။
ထိုမဂ်လေးပါးနှင့်ယှဉ်သောသမာဓိနှင့်တူ…
ဆက်လက်ဖတ်ရူရန်.........
mathandarthwin မှ သြဂုတ် 17, 2013 7:00pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ — 3 Comments

ဘဝထဲမှာတရားရှိစေချင် ပါတယ်။" (ဦးတေဇနိယ - ရွှေဥမင်တောရ )

သတိရှိတဲ့စိတ်နဲ့မရှိတဲ့စိတ်ဘယ်လောက်ကွာလဲ။ သိတာနဲ့မသိတာဘယ်လောက်ကွာလဲ။ ဆန့်ကျင် ဖက်ဘဲ။အဲဒီdifference ကိုကိုယ် တိုင် နားလည်စေချင် တာ။difference ကို သိစေချင် တာ။ဒါမှကိုယ်ထားတဲ့သတိ ရှိတဲ့သတိရဲ့တန်ဖိုးကိုနားလည်မယ်။အခုက ကိုယ်လုပ်တဲ့အလုပ်တန်ဖိုးကိုသေချာနားမလည် ကြဘူး။ဘာလို့လဲဆိုတော့သူကရလဒ် result ကိုဘဲလိုက် ရှာနေတယ်။သမာဓိကောင်း ချင်နေတယ်။သမာဓိကောင်းရင် တရား ကောင်းတယ် သမာဓိမ ကောင်းရင် တရားမ ကောင်းဘူးဆိုတဲ့အစွဲနဲ့အဲဒီရလဒ်ကိုမျှော်ပြီး အားထုတ်ကြတာများတယ်။အဲဒီတော့သူက အ ကြောင်းအကျိုးကိုသိပ်နားမလည်တော့ဘူး။…
ဆက်လက်ဖတ်ရူရန်.........
ကောင်းမြတ်ဇော် မှ သြဂုတ် 17, 2013 12:38pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ — 1 Comment

Thursday, August 29, 2013


မီး (၁၁) ပါးတို့မှာ==

 ၁။ လောဘမီး = တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။

 ၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။

 ၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။

 ၄။ ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

 ၅။ ဇရာမီး = အိုမင်းရသဖြင့် ပူလောင်ခြင်း။

 ၆။…
ဆက်လက်ဖတ်ရူရန်.........

                      Q. အရှင်ဘုရား…

မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။

(မျိုးအောင်)…





ဆက်လက်ဖတ်ရူရန်.........

Sunday, August 11, 2013

သူ မတော်လည်း ကိုယ်ကောင်းကြစို့

သူ မတော်လည်း ကိုယ်ကောင်းကြစို့"

“သူတော်ကောင်း”ဆိုတဲ့ စကားလေးကို တစ်ချို့က “သူတော်မှ ကိုယ်ကောင်းမယ်”ဆိုတဲ့ ကလေးကလား အတွေးလေးတွေနဲ့ ပြောတတ်ကြပါတယ်။ ဒီသဘောက “သူမတော်ရင် ကိုယ်လည်းမတော်နိုင်၊ သူမကောင်းရင် ကိုယ်လည်းမကောင်းနိုင်၊ သူမပြောင်းရင် ကိုယ်လည်း မပြောင်းနိုင်ဘူး”ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ တကယ်တော့ သူတော်ကောင်းတွေရဲ့ စိတ်သဘောထားဟာ “သူမတော်လည်း ကိုယ်ကောင်းမယ်” ဆိုတဲ့ သဘောထားမျိုးပဲ ဖြစ်ပါတယ်။ သူမတော်ရင် တော်လာအောင် ကိုယ်ကကောင်းအောင် ကျင့်သုံးနေထိုင်တတ်တဲ့ သဘောမျိုးကသာ သူတော်ကောင်းများရဲ့ သဘောထား အမှန်ပဲ ဖြစ်ပါတယ်။ “ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် ကျင့်သုံးနေထိုင်ခြင်းမျိုး”လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆိုတော့ကား သူမတော်လို့ ကိုယ်မတော်ရင်၊ သူမကောင်းလို့ ကိုယ်မကောင်းရင် သူလည်းမတော် ကိုယ်လည်းမကောင်း ဖြစ်တတ်တဲ့အတွက် သူတော်လာအောင် ကိုယ်ကအရင် ကောင်းကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သူမတော်လည်း ကိုယ်ကတော်ပြကြဖို့ လိုပါတယ်။ ဒါမှ သူလည်း တဖြည်းဖြည်းပြောင်းလာ၊ ကောင်းလာမှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လောကမှာရှိတဲ့ လူအတော်များများက ငါဆိုတဲ့အတ္တစွဲလေးတွေ ခံနေကြတော့ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်ဖြစ်လာကြတဲ့အခါ သူဖြစ်သလို ကိုယ်လည်း လိုက်ဖြစ်တတ်ကြပါတယ်။ သူမကောင်းရင် ကိုယ်လည်းလိုက်ပြီး မကောင်းဖြစ်တတ်၊ သူဒေါသထွက်ရင် ကိုယ်လည်းလိုက်ထွက်တတ်၊ သူမကျေနပ်ရင် ကိုယ်လည်းလိုက်ပြီး မကျေမနပ်ဖြစ်တတ်၊ သူဒီလိုဆက်ဆံရင် ကိုယ်လည်းလိုက်ပြီး သူနဲ့အပြိုင် ဆက်ဆံတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ်ကောင်းရဲ့သားနဲ့ သူမကောင်းတဲ့အခါ ကိုယ်ပါလိုက်ပြီး မကောင်းတဲ့အထိ ပြောင်းတတ်ကြပါတယ်။ အဲဒီလိုသာ သူမကောင်းလို့ ကိုယ်မကောင်းဖြစ်ကြ၊ သူမတော်လို့ ကိုယ်မတော် ဖြစ်ကြမယ်ဆိုရင် သူလည်းမကောင်း ကိုယ်လည်းမကောင်း၊ သူလည်းမတော် ကိုယ်လည်းမတော် ဖြစ်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ မတော်မကောင်းမပြောင်း သံသရာက ရှည်သထက် ရှည်နေကြတော့မှာ ဖြစ်ပါတယ်။

ဖြစ်သင့်တာက သူ့ကိုပြောင်းချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းကြည့်သင့်ပါတယ်။ သူ့ကိုပြင်ချင်ရင် ကိုယ့်ကိုယ်ကိုလည်း ပြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုမျိုးကစပြီး ပြင်သင့်သလဲဆိုရင် အတွေးအခေါ်က စပြီး ပြင်သင့်ပါတယ်။ တစ်ချို့က “ငါဒီလောက်ကောင်းရဲ့သားနဲ့ ငါ့အပေါ်ကို…” စတဲ့ အတွေမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို အတွေမျိုးကစပြီး ပြင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတွေးမိတတ်တာကိုက ကိုယ့်သန္တာန်မှာ သူနဲ့ပတ်သက်ပြီး တစ်ခုခု တုန့်ပြန်မှုကောင်းကို မျှော်လင့်နေတဲ့ သဘောရှိနေသလို ကိုမျှော်လင့်တဲ့အတိုင်း မဖြစ်လာတဲ့အခါ မဖြစ်ရကောင်းလားဆိုတဲ့ အမှတ်အတေးလေးတွေ ဖြစ်တတ်လို့ပဲ ဖြစ်ပါတယ်။ မျှော်လင့်နေတယ်ဆိုကတည်းက မျှော်လင့်မှုရဲ့နောက်မှာ ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် “ငါဒီလောက် ကောင်းရဲ့သားနဲ့” စတဲ့ အတွေးတွေ ပေါ်ပေါက်လာပြီး အသေးအဖွဲလေးတွေကစပြီး အငြိုးအတေးလေးတွေ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ တစ်စတစ်စ အတွေးလွဲလေးတွေကစပြီး ကြာတော့အဆိုင်အခဲ ဖြစ်လာကာ သူ့ကိုယ်ပြောင်းဖို့လုပ်ရင်း ကိုယ်ပါသူလို့ ဖြစ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ သူ့ကိုပြင်ရင်း ကိုယ့်ကိုယ်ကို မမြင်မိကြ၊ မပြင်မိကြလို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ပြင်ဖို့ဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို သိဖို့လိုတယ်လို့ ဆိုတာက တစ်ချို့ တော်တော်ဗဟုသုတများ၊ အသိများ၊ အဖတ်များကြပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိထားသလောက်၊ ဖတ်ထားသလောက်၊ ပြောနေသလောက် မဟုတ်တာကို တွေ့ရတတ်ပါတယ်။ ဖတ်မှတ်လေ့လာမှုတွေ များနေပေမယ့် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်တတ်၊ ကိုယ်ကိုယ်ကို ပြန်မြင်တတ်တဲ့ အကျင့်က အားနည်းနေတော့ ကိုယ်ဘာဖြစ်နေတယ်ဆိုတာလည်း မသိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို တကယ်မသိတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်သိအောင်လုပ်ပါလို့ ဆိုရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်သိလာပြီဆိုရင် အဲဒီအသိနောက်ကို အကျင့်လိုက်ကြည့်ဖို့ လိုပါတယ်။ သိပြီးမြင်၊ မြင်ပြီးပြင်မယ်ဆိုရင် ဒါဟာ အသိနောက်ကို အကျင့်လိုက်တာပဲ ဖြစ်ပါတယ်။

လူပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ် သိထားသလောက် အကျင့်မရောက်ရင် ကိုယ့်ကိုယ်ကိုလည်း သိဖို့မလွယ်လှပါဘူး။ ကိုယ့်ကိုယ်ကို မသိရင် ကိုယ့်ကိုယ်ကိုပြင်ဖို့လည်း မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုတော့ ကိုယ်ကိုယ်တိုင်က မပြင်ဘဲ သူများကို ပြင်ဖို့ပြောနေလို့ကတော့ သူတပါးလည်း ပြင်ဖို့မလွယ်လှပါဘူး။ အပြောခံရတဲ့သူက သူတော်ကောင်းတရားအပေါ် ခံယူချက်ကောင်းတဲ့ သူဖြစ်လို့ ပြောင်းပြင်သွားရင်လည်း ကိုယ်ပြောလိုက်လို့ သူကောင်းသွားပေမယ့် ကိုယ်ကတော့ မကောင်းတာက မကောင်းတာပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတပါးကို တော်စေချင်ရင်၊ သူတပါးကို ကောင်းစေချင်ရင် ကိုယ့်ကိုယ်ကို အရင်ပြောင်းပြင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ အထက်တန်းကိုရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ချို့၊ ဆရာအဖြစ် ခံယူထားကြတဲ့ ပုဂ္ဂိုလ်တစ်ချို့က သူတပါးအပေါ် အကောင်းဆုံးစကား၊ အကောင်းဆုံး တရားတွေနဲ့ ဟောပြောပေးကြ၊ လမ်းညွှန်ပေးကြပေမယ့် မိမိတို့ကိုယ်တိုင်ကတော့ ပြောတဲ့အတိုင်း လိုက်နာကျင့်သုံးမှု မရှိကြတာကို တွေ့ရတတ်ပါတယ်။ သူတပါးတွေကို လောဘမကြီးဖို့၊ ဒေါသမကြီးဖို့၊ ဣဿာမစ္ဆရိယ မများဖို့၊ မာနမကြီးဖို့ စသဖြင့် သွန်သင်ပြသ ဆုံးမကြပေမယ့် မိမိတို့ ကိုယ်တိုင်ကတော့ ဒေါသကြီးလိုက်ကြတာ၊ လောဘကြီးလိုက်ကြတာ၊ မာနကြီးလိုက်ကြတာ အလွန်ပါပဲ။ ဒါကြောင့် ဆရာတော်ကြီးတစ်ပါးက တက်သစ်စ ဓမ္မကထိ ရဟန်းတော်တစ်ပါးကို “မောင်ပဉ္ဇင်းတို့ သူများတွေကိုပဲ ကျင့်ဖို့ပြောမနေကြနဲ့၊ ကိုယ်ကျင့်ဖို့လည်း ချန်ထားကြဦး”လို့ သတိပေး ဆုံးမတော်မူတာ ဖြစ်မှာပါ။

ပညာရှိစကား သိပ်မှတ်သားစရာကောင်းပါတယ်။ ဆရာတော်ကြီး ပြောသလို သူများကိုပဲ ဟောနေပြောနေလို့ မဖြစ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဟောတဲ့အတိုင်း၊ ပြောတဲ့အတိုင်း ကျင့်နိုင်မှ ကိုယ်လည်း အကျိုးရှိ၊ သူလည်းအကျိုးရှိမှာ ဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဆရာတော်ကြီးမိန့်သလို ကိုယ်ကျင့်ဖို့ မကျန်ဘဲ ဖြစ်နေကြမှဖြင့် ဒုက္ခ။ ကိုယ်ကိုယ်တိုင် အရင်ကျင့်၊ ကိုယ်ကိုယ်တိုင် တော်အောင်လုပ်ပြီးမှ သူတပါးကို တော်စေကြရ၊ ပြင်စေကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကမကျင့်၊ ကိုယ်ကမတော်ဘဲနဲ့ သူတပါးကို တော်လာစေဖို့ဆိုတာ မလွယ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဆိုတော့ကား သိထားတဲ့ အသိတွေများပြီး အကျင့်တွေလည်း များလာတဲ့အခါ ကိုယ့်ကိုယ်ကို တော်လာပြီလို့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကတော်လာပြီဆို သူများကလည်း ကိုယ့်ကိုတော်အောင် ပြုမှုဆက်ဆံ ပြောဆိုလာမှာ ဖြစ်ပါတယ်။ ကိုယ်တော်တာကို အကြောင်းပြုပြီး သူများလည်း တော်လာစရာ အကြောင်းရှိပါတယ်။ အဲဒီလိုကိုယ်လည်းတော်၊ ကိုယ့်ကိုအကြောင်းပြုပြီး သူများလည်း တော်လာပြီဆိုရင် ဒါဟာ သူတော်ကောင်းရဲ့ သဘောတွေ တဖြည်းဖြည်း ထင်လာတော့တာ ဖြစ်ပါတယ်။ ကိုယ်တော်ပြတဲ့အတွက် သူတပါးလည်း တော်လာတာဖြစ်လို့ ကိုယ့်အတွက်လည်း ကောင်းလာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကောင်းတဲ့အတွက် သူပြောင်းလာခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေကျတော့ ကိုယ်ကဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ကောင်းကောင်း သူတပါးတွေက အကောင်းမမြင်ဘဲ မပြောင်းပြင်ကြတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ပုထုဇဉ်သဘာဝ စိတ်မှာ အလိုမကျတတ်တာတွေ ရှိနေတတ်ပြီး မထူးပါဘူးကွာဆိုပြီး သူနဲ့အပြိုင် အရွဲ့တိုက်တာလေးတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကိုယ်ကောင်းရဲ့သား၊ ကိုယ်တော်ရဲ့သားနဲ့ သူကပြောင်းမလာဘူး၊ တော်မလားဘူးဆိုလည်း ဒါဘာဖြစ်သေးလဲ။ ကိုယ်ကောင်းအောင် ကြိုးစားဖို့က အဓိကပဲ မဟုတ်လား။ သူပြောင်းပြီး သူကောင်းဖို့ထက် ကိုယ်အရင်ပြောင်းပြီး ကိုယ်ကောင်းဖို့က အဓိကပဲ ဖြစ်ပါတယ်။ သူပြောင်းတာမပြောင်းတာ သူ့အပိုင်းပဲ ဖြစ်ပါတယ်။ သူ့ဘက်ကလည်း အချိန်တန်ပြီး ကိုယ်ကောင်းနေတာကို သိတဲ့အခါကျရင် သူ့အလိုလို ပြောင်းလာကြမှာ ဖြစ်ပါတယ်။ ဒီအတွက် သိပ်ပူစရာ မရှိပါဘူး။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အရင်ဆုံး အသိနောက်ကို အကျင့်လိုက်ပြီး ကောင်းအောင်ပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ဘဲ သူမကောင်းလို့ ကိုယ်မကောင်းဘူးဆိုရင် ကိုယ်လည်း မကောင်းစာရင်းဝင်ဖြစ်ပြီး အကုန်မကောင်းသူတွေပဲ ဖြစ်ကုန်ကြတော့မှာ ဖြစ်ပါတယ်။

ဆိုလိုတာက “လူအတော်များများက ကိုယ်ကောင်းဖို့ထက် သူကောင်းတာကို လိုချင်ကြတာများပြီး သူမကောင်းရင် ကိုယ်လည်း မကောင်းချင်ကြတဲ့သူတွေ များနေတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြိုင်ဖြစ်ကာ မကောင်းတာတွေပဲ အဖြစ်များနေတတ်ကြောင်း၊ အမှန်တော့ သူတော်ဖို့ ကောင်းဖို့ဆိုတာ ကိုယ်ကလည်းတော်မှ၊ ကိုယ်လည်းကောင်းမှ သူလည်းပြောင်းလာမှာ ဖြစ်တဲ့အတွက် သူတော်သူကောင်းတာကို လိုချင်ရင် ကိုယ်ကအရင်တော်ကောင်းပြရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ကိုယ်ကတော်ကောင်းပေမယ့် သူကမတော်မကောင်းဘူးဆိုလည်း ဒါကသူ့ဘက်က အပိုင်းပဲဖြစ်ပြီး ကိုယ့်ဘက်ကတော့ အရင်ဆုံး ကိုယ့်ကိုယ်ကို တော်အောင်ကောင်းအောင် ကြိုးစားကျင့်ကြံသင့်ကြောင်း၊ သူတော်ကောင်းတွေရဲ့ သဘောကိုကြည့်ရင် သူတော်တော် မတော်တော်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်၊ ကိုယ်တော်အောင် နေထိုင်ကျင့်သုံးတတ်ကြတာကို တွေ့ရမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ သူတော်ကောင်းတွေလောက် မကျင့်သုံးနိုင်သေးရင်လည်း အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုတော့ အကောင်းဆုံးဖြစ်အောင် အသိနောက်ကို အကျင့်လိုက်ပြီး နေထိုင်ကျင့်သုံးသင့်ကြောင်း” စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သူတော်မှ ကိုယ်ကောင်းကြမယ်လို့ ဆိုတတ်ကြတဲ့ သူတွေအနေနဲ့ အဲဒီလို သူဘက်ကိုယ့်ဘက် အပြိုင်သဘောမျိုး ဖြစ်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုအရင်ဆုံး တော်ကောင်းလာအောင် ကျင့်သုံးပြီး သူမတော်လည်း ကိုယ်ကောင်းနိုင်အောင် ကြိုးစားကာ သူတော်လာအောင် ပြောင်းနိုင်ကြမယ်ဆိုရင် အကောင်းဆုံး အမြတ်ဆုံးအကျင့် တစ်ခုဖြစ်တဲ့အတွက် သူ့ဘက်က တုန့်ပြန်မှုကို မျှော်လင့်နေကြဖို့ထက် ကိုယ့်ဘက်ကသာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ပြီး သူမတော်လည်း ကိုယ်ကောင်းကြည့်ကြပါစို့လို့ အကြံပြုရင်း တိုက်တွန်းစကား ပါးလိုက်ရပါတယ်။


မှီခိုကျမ်းကိုး-

- ဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီ) ၏" ""သူ မတော်လည်း ကိုယ်ကောင်းကြစို့""ဓမ္မဆောင်းပါး ။

နှလုံး၊စိတ်ဝမ်း-ငြိမ်းချမ်းကြပါစေ။
မေတ္တာဖြင့်-

"လုံမငြိမ်းချမ်း"

Saturday, August 3, 2013


ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏



ဝိပဿနာအားထုတ်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓိ ၇-ပါး အစဉ်အတိုင်း သွားရ၏။ (လောကချမ်းသာဆရာတော်- New York)

သီလဝိသုဒ္ဓိဖြင့် သီလကို စင်ကြယ်စေရ၏။

စိတ္တဝိသုဒ္ဓိဖြင့် သမာဓိရအောင် အားထုတ်ရ၏။

ဒိဋ္ဌိဝိသုဒ္ဓိဖြင့် နာမ်ရုပ်တို့ကို ပိုင်းခြား သိရ၏။
ဤအဆင့်၌ ဝိပဿနာ၏ အခြေခံ ‘နာမရူပပရိစ္ဆေဒဉာဏ်’ ဖြစ်၏။ နာမ်ရုပ်ကွဲခြင်းသာ ဖြစ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ ရှုမြင်ခြင်း မရှိသေး၍ သင်္ဂြိုဟ်၌ ဤနာမရူပပရိစ္ဆေဒဉာဏ်ကို ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြချေ။

ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ နာမ်ရုပ်တို့၏ အကြောင်းရင်းကို ရှာဖွေ သိမြင်၏။
အကြောင်းကိုသိသော ဉာဏ်ပေါ်၏။ ထိုဉာဏ်ကို ‘ပစ္စယပရိဂ္ဂဟဉာဏ်’ဟု ခေါ်၏။ ဤဉာဏ်ကိုလည်း ဝိပဿနာဉာဏ်ထဲ ထည့်၍ မပြသေးပါ။
အကြောင်းကို ရှုမြင်ခြင်းသာ ရှိပြီး အနိစ္စ ဒုက္ခ အနတ္တ ရှုမြင်မှု မရှိသေးသောကြောင့် ဖြစ်၏။

ပျင်းရိခြင်း အပြစ် (၆) ပါး




ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့ သည် ဤခြောက်ပါးတို့ တည်း။

၁) အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊

၂) ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊

၃) မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊

၎) စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊

၅) ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊






(၆) ၀လွန်းသည်ဟု အမှုကိစ္စကို မပြု။

ဤသို့  မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့ ၍ နေသော ထိုသူအား
မဖြစ်သေးသော စည်းစိမ်တို့ သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော
စည်းစိမ်တို့ သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့ သည်လည်း
တစ်နေ့ တခြား လျော့ပါးပျက်စီးကုန်၏။ သူကြွယ်သား ပျင်းရိလေ့ရှိခြင်း၌
အပြစ်တို့ သည် ဤခြောက်ပါးတို့ တည်း။

(မြတ်ဗုဒ္ဓ - သိဂါင်္လသုတ်)

အနှိုင်းမဲ့ အရိပ်

မည်သည့်တရားသည် မင်္ဂလာတရားနည်း




မည်သည့်တရားသည် မင်္ဂလာတရားနည်း ဟူ၍
လူနှင့်နတ်တို့ သည် ၁၂ နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း
အဖြေမှန် မရခဲ့ပေ၊ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော
မင်္ဂလာတရားပေါင်း ၃၈ ပါး ရှိလိမ့်မည် ဟူ၍လည်း
မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။

လူတစ်ယောက်စီ တစ်ယောက်စီထက်လည်းကောင်း၊
သန်းပေါင်းများစွာသော လူသားအားလုံးတို့ ထက်လည်းကောင်း၊
သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည်
လောကအကျိုးကို ရှေ့ ရှုလျက် မင်္ဂလာတရား ၃၈ ပါးကို
အောက်ပါအတိုင်း ထုတ်ဖော်ဟောကြားတော်မူခဲ့၏။
မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို ပယ်ဖျောက်တတ်၏။

တတိယ သံဂါယနာတင်ခြင်း


 

ပါဋလိပုတ်ပြည် အသောက ( သီရိဓမ္မာသောက ) မင်းလက်ထက်တွင် ဗုဒ္ဓသာသနာတော် စည်ဝေဖွံ့ဖြိုးနေ ၏။ အသောကမင်းသည် စောစောပိုင်းက ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ ၀င် ဖြစ်လာခဲ့သည်။ အသောကမင်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်ပြီးနောက် ဗုဒ္ဓသာသနာကို အကြီးအကျယ် ချီးမြှောက်သည်။ သို့အလျောက် သာသနာ့ဝန်ထမ်း ရဟန်းယောက်ျား၊ ရဟန်းမိန်းမများ အမြောက် အများတိုးပွားလာ၏။

သောတာပန်ဆိုတာ...


သောတာပန်တည်သွားသည်နှင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို
အကြွင်းမဲ့ ပယ်သတ်သွား၏။ ရတနာသုံးပါးကို
အသက်နှင့်လဲပြီး ယုံကြည်ကိုးကွယ်သွား၏။
ငါးပါးသီလကို အသက်နှင့်လဲပြီး လုံခြုံသွား၏။
ဝိပလ္လာသရှစ်ပါးကို အရှင်းပယ်သတ်သွား၏။
ဒိဋ္ဌိသံယောဇဉ်၊ သီလဗ္ဗတပရမာသသံယောဇဉ်၊
ဝိစိကိစ္ဆာသံယောဇဉ်တို့ ကို ပယ်သတ်လိုက်၏။
မိမိမှာရှိသော အပြစ်ကို မရှိဟန်ဆောင်သော မာယာနှင့်
မိမိ၌ မရှိသည့်ဂုဏ်ကို ရှိဟန်ဆောင်သည့်
သာဌေယျတို့ ကိုလည်း ပယ်သတ်၏။

သောတာပန် ပယ်သတ်သည့် ၀ိပလ္လာသ(၈)ပါး

- ခန္ဓာငါးပါးကို မြဲသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
- ခန္ဓာငါးပါးကို မြဲသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊
- ခန္ဓာငါးပါးကို မြဲသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို အစိုးရသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
- ခန္ဓာငါးပါးကို အစိုးရသည်ဟု အမှတ်မှားမှု သညာဝိပလ္လာသ၊
- ခန္ဓာငါးပါးကို အစိုးရသည်ဟု အသိမှားမှု စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ၊
- ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အယူမှားမှု ဒိဋ္ဌိဝိပလ္လာသ။

သောတာပန် မပယ်သေးသော ၀ိပလ္လာသလေးပါး

- ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို ချမ်းသာသည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ၊
- ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အသိမှားခြင်း စိတ္တ၀ိပလ္လာသ၊
- ခန္ဓာငါးပါးကို တင့်တယ်သည်ဟု အမှတ်မှားခြင်း သညာဝိပလ္လာသ။

ဤဖောက်ပြန်မှားယွင်းသော အသိမှား၊ အမှတ်မှား၊ ၀ိပလ္လာသလေးချက်
ကျန်နေသောကြောင့် သောတာပန်၊ သကဒါဂါမ်များသည်
အိမ်ထောင်သားမွေး ပြုလုပ်ကြခြင်းဖြစ်၏။

မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက် လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
(ဓမ္မပဒ)

အဘယ်ကြောင့်နည်း၊ စကြာမင်း သိကြားမင်း ဗြဟ္မာမင်းတို့ သည်
သေလျှင် အပါယ်လေးပါးသို့  ကျနိုင်သေးသော်လည်း
သောတာပန်သည် ဘယ်သောအခါမျှ အပါယ်သို့ 
မကျနိုင်သောကြောင့်တည်း။

ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

ဝဋ်ကြွေးကြမ္မာ မလွတ်သာ


တစ်ခါသော် ရဟန်းသုံးဦးတို့ သည် လမ်းသုံးလမ်းဖြင့်
ဗုဒ္ဓထံအရောက်သွားကြရာ ပထမတစ်သုတ်သည်
ရွာတစ်ရွာ၌ ထူးခြားသော သေခြင်းတစ်ခုကို တွေ့ ကြရ၏။

ရွာကိုမီးလောင်ရာ မြက်ခြောက်ကွင်းတစ်ကွင်းသည်
မီးလောင်ရင်းတန်းလန်း လေ၏အဟုန်ဖြင့် ကောင်းကင်သို့ 
တက်သွားကာ ကောင်းကင်တွင် ပျံသန်းနေသော ကျီးများအနက်
တစ်ကောင်သောကျီး၏ ဦးခေါင်းကို စွပ်မိသဖြင့် ထိုကျီးမှာ
ကောင်းကင်မှာပင် မီးလောင်ပြီး သေဆုံးခဲ့ရသည်။

"တရားထိုင်ခြင်းဟာ ကိုယ်ရောစိတ်ပါအေးချမ်းစေပါတယ်"



တရားထိုင်လို့  သတိ သမာဓိ နည်းနည်းလေး ကောင်းလာပြီဆိုရင်
ဒီဝေဒနာကိုလည်း သည်းခံပြီး ထိုင်သွားလို့ ရှိရင် ဒီခန္ဓာကိုယ်ဟာ
Endorphin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ထုတ်ပေးလာတယ်။
သူ့ စကားက နှစ်လုံးကို ပေါင်းထားတာပါ။ Endogenous morphine
ဆိုတဲ့စကားလုံးပဲနော်။ အပြင်က morphine က operation ခွဲစိတ်ကုသမှုတွေ ဘာတွေ လုပ်ရတဲ့လူကို ထိုးပေးတာနော်။
အင်မတန် နာကျင်ကိုက်ခဲလွန်းရင် သက်သာအောင်ဆိုပြီး ထိုးပေးရတာ။
ဒီခန္ဓာကိုယ်ထဲက ထွက်လာတဲ့ morphine က ခွဲစိတ်ခန်းမှာသုံးတဲ့
morphine နဲ့  အာနိသင်ချင်း တော်တော်ပဲတူပါတယ်။
သို့ သော် Endogenous ဆိုတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွင်းမှာပဲ
သူက ထုတ်လုပ်တယ်နော်။

Friday, August 2, 2013

အလွမ်းခရီးသည် လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး

 လူ့ပတ်ဝန်းကျင်မှာ ကြားဖူးနေကြ “ တန်ဖိုးရှိအောင်နေ ” ၊ “တန်ဖိုးမဲ့တဲ့ အလုပ်တွေ မလုပ်ကြနဲ့” စသည်ဖြစ် ကြားကြားနေရတော့ တန်ဖိုးဆိုတာ ဘာလဲလို့ တွေးကြည့်မိသည်။
တန်ဖိုး... အထူးသဖြစ် လူတစ်ယောက်ရဲ့ တန်ဖိုးကို မည်သည့်အရာများနှင့် တိုင်းတာကြပါသနည်း။
ငွေကြေးနှင့် တိုင်းတာကြသည်လား ၊ ပညာဖြစ် တိုင်းတာကြသည်လား ။ အသိုင်းအဝိုင်းကိုကြည့်၍ တန်ဖိုးနိမ့်သည်၊ မြင့်သည် စံထားတိုင်းတာကြသည်လား..။ ဤသို့ဆိုလျှင် ငွေကြေးချမ်းသာကြသောသူတိုင်းက တန်ဖိုးရှိကြပေတော့မည် ။ ပညာတတ်သူတိုင်းက တန်ဖိုးရှိကြတော့မည်။ အသိုင်းအဝိုင်းကြီးသူတိုင်းက တန်ဖိုးရှိသည့် လူသားများအဖြစ် ရှင်သန်သွားကြရတော့မည်ပေါ့။
ဟိုတစ်ယောက်က ပညာသာရှိတာ ၊ ပြောလိုက်တဲ့ စကားတွေက တန်ဖိုးမရှိတဲ့ စကားတွေ ၊ ဒီတစ်ယောက်ကဖြစ် ငွေကြေးချမ်းသာပြီး အပြုအမူတွေက တန်ဖိုးမဲ့တယ်။ သူက အသိုင်းအဝိုင်းသာ ကြီးတာ ဘာမှ တန်ဖိုးရှိတဲ့သူ မဟုတ်ဘူး...စသည့် စကားလုံးများကို ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။
ဤသို့ဆိုလျှင် ဥစ္စာ ငွေကြေး ၊ ပညာကြွယ်ကာ အသိုင်းအဝိုင်း ကြီးမားပြည့်စုံသူတိုင်း တန်ဖိုးရှိသူတွေ မဟုတ်နိုင်တာ သေချာလောက်ပြီဟု စာဖတ်သူများ သိနားလည်နိုင်လောက်ပါပြီ။
လူတစ်ယောက်အတွက် တန်ဖိုးအရှိဆုံး အဓိကအချက်သည် မည်သည့်အရာလဲဟု မေးလျှင် သင်မည်သို့ ဖြေဆိုမည်လဲ။ သင့်အတွက် တန်ဖိုးအရှိဆုံးအရာသည် မည်သည့်အရာဖြစ်သနည်း။

လူ့တန်ဖိုးနှင့် စပ်လျင်း၍ မှတ်သားခဲ့ဖူးသော အကြောင်းအရာများထဲမှ သောနဒဏ္ဍတဇာတ်တော်အကြောင်းကို သတိတရ ရေးသားဖော်ပြလိုက်ရပါတယ်။ ဤအကြောင်းအရာကို စာပေကျမ်းဂန်များမှ အလွတ်ကူးယူခြင်းမဟုတ်ပဲ ဖတ်မှတ်ဖူးခဲ့သည်ကို ပြန်လည်ရေးသားခဲ့ခြင်းကြောင့် ဇာတ်လမ်းမှာ အနည်းငယ်လစ်ဟာမှုရှိလျှင် စာရေးသူ၏ အားနည်းချက်သာဖြစ်ကြောင်း ကြိုတင်ဝန်ချတောင်းပန်ပါသည်ရှင်။
ဗိမ္ဗိသာရမင်းကြီးလက်ထက်၌ စံပါမြို့ဆိုသည့် မြိုနယ်လေးတစ်ခု ရှိခဲ့ပါသည်။ ထိုစံပါမြို့ကလေးအား အုပ်ချုပ်သည့် သူမှာ သောနဒဏ္ဍတပုဏ္ဏားဖြစ်ပြီး နေထိုင်ကြသည့် သူများမှာ ဗြဟ္မာဏလူမျိုးများဖြစ်ကြလေသည်။
တစ်နေ့သောအခါဝယ် မြတ်စွာဘုရားရှင်သည် နောက်လိုက်၊ နောက်ပါရဟန်းများနှင့်အတူ ထိုစံပါမြို့လေးသို့ ကြွချီလာခဲ့ရာ ဘာသာရေး လွန်စွာ ကိုးကွယ်ယုံကြည်ကြသော စံပါမြို့သူမြို့သားများမှာ မြတ်စွာဘုရားရှင်အား သွားရောက်ရှစ်ခိုးဦးတိုက်ကြလေသည်။
သောနဒဏ္ဍတပုဏ္ဏားကြီးနှင့်တကွ မြတ်စွာဘုရားရှင်အား လာရောက်ရှစ်ခိုးပူဇော်ကြသော မြှိုသူမြို့သားများအား တရားရေအေးတိုက်ကျွေးရန် မြတ်စွာဘုရားမှ ယနေ့ရောက်လာကြကုန်သော တရားနာပရိသတ်တို့အား မည်သည့်တရားဟောမည်ကို တွေးဆပြီးနောက် တရားနာကြွရောက်လာသူ ပရိတ်သတ်များအား မေးခွန်းမေး၍ တရားဟောမည်ဟု တွေးဆကာ ပထမဦးစွာ ရှေ့ဆုံးမှ နေရာယူကာ ဦးတင်နေသော ပုဏ္ဏားကြီးအား စ၍ မေးခွန်းမေးလိုက်လေသည်။
“အသင်ပုဏ္ဏားကြီးပုဏ္ဏားကြီးတို့၏ ဗြဟ္မာဏမျိုးရိုး ဘာကြောင့် အမျိုးမြင့်မြတ်ရပါသလဲ”
ပုဏ္ဏားကြီးမှာ မြတ်စွာဘုရား၏ ဤသို့သော မေးခွန်းကို အမေးခံရလျှင် လွန်စွာမှ ဂုဏ်ယူ ဝမ်းမြှောက်မိလေသည်။ မိမိတို့၏ ကြီးမြင့်လှသည့် မျိုးရိုးကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က စိတ်ဝင်စားသည်ပါလားဟု တွေးမိကာ ဝမ်းသာအားရ လျှင်မြန်စွာ လျှောက်ထားလေးသည်။
“အရှင်ဘုရား တပည့်တော်တို့မျိုးရိုး မြင့်မြတ်နေတာ အခြားကြောင့် မဟုတ်ပါဘုရား။ တပည့်တော်တို့မှာ စောင့်ထိန်းရမည့်အချက် (၅) ချက်ရှိနေပါတယ်ဘုရား။
ထိုအခါ မြတ်စွာဘုရားရှင်မှ
“ဒကာကြီး ထိုအချက်(၅) ချက်မှာ အဘယ်သို့နည်း ”
ဟု မေးမြန်းလေရာ ထိုပုဏ္ဏားမှ အားရဝမ်းသာစွာဖြစ် မိမိတို့မျိုးရိုးဂုဏ်ကို ဖော်ကျူးပြလေသည်။
“အရှင်ဘုရား တပည့်တော်တို့ မျိုးရိုးသည် နံပါတ်
၁။ ဆွေခုနှစ်ဆက် ၊ မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရပါမည်။
၂။ဗေဒင်၊ ကျမ်းဂန် ၊ မန္တာန် အာဂုံရရမည်။
၃။ ရုပ်ရည် ချောမောတင့်တယ်ရပါမည်။
၎။ ကိုယ်ကျင့်တရားကောင်းရပါမည်။
၅။ မှား/မှန် ခွဲခြားနိုင်သော ပညာရှိရပါမည်။
ဟု လျှောက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်ထံမှ မမျှော်လင့်သော မေးခွန်း တစ်ခု ထွက်လာခဲ့သည်။
“ဒကာကြီး အကယ်၍များ တစ်ယောက်ယောက်က ဒကာကြီးအား ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက်ကို လျှော့ပါဆိုလျှင် မည်သည့် အချက်ကို သင် လျှော့ပါမည်လဲ။
“အရှင်ဘုရား  အကယ်၍များ တစ်ယောက်ယောက်က ထိုအချက် (၅) ချက်ထဲမှ တစ်ချက်ချက် လျှော့ပါဆိုလျှင် တပည့်တော် သည် ရုပ်ရည်ချောမောတင့်တယ် လှပရပါမည် ဆိုသော အချက်ကို လျှော့ပါမည်ဘုရား”
အဘယ်ကြောင့်ဆိုသော ရုပ်ဆိုး ၊ ရုပ်လှဆိုသည်မှ ဘဝအဆက်ဆက်မှ ပြုလုပ်ခဲ့ကြသည့် ကုသိုလ် ၊အကုသိုလ် အကျိုးဆက်ကြောင့်သာဖြစ်သည်။ ယခုလက်ရှိဘဝအတွက် တပည့်တော်တို့မတတ်နိုင်ပါ။ တပည့်တော်တို့၏ မျိုးရိုးဂုဏ်ကို တင်ချင်၍သာ ရုပ်ရည်ချောမောလှပရမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်းကြောင့် စောင့်ထိန်းရမည့် အချက်(၅)ချက်တွင် တစ်ချက်လျှော့ရမည်ဆိုပါက   “ရုပ်ရည်ချောမောလှပရမည် ” ဆိုသော အချက်ကို လျှော့ပါမည်ဘုရား။

ထိုအခါ မြတ်စွာဘုရားရှင်က
“ပုဏ္ဏားကြီး “ရုပ်ရည်ချောမောလှပရမည်”ကို လျှော့ပြီးလျှင် နောက်ထပ်တစ်ချက်ထပ်လျှော့ကြည့် ဆိုပါက အသင်မည်သည့်အရာကို လျှော့မည်နည်း”
ထိုအခါတွင်လဲ ပုဏ္ဏားကြီးမှာ ဆိုင်းငံ့ခြင်းမရှိစွာနှင့်
“အရှင်ဘုရား အချက် (၂)ချက်လျှော့ရမည်ဆိုလျှင် တပည့်တော်သည် “ ဗေဒင် ၊ ကျမ်းဂန်၊မန္တာန်များအလွတ်ရရမည်” ဆိုသည့် အချက်ကို လျှော့ချပါမည်ဘုရား။
တပည့်တော်တို့ မျိုးရိုးတွင် ကျမ်းဂန်၊မန္တာန်များကို ရှေးလာစဉ်ဆက် အလွတ်ရသည်ရှိသကဲ့သို မရှိသည့်အခါလည်း ရှိခဲ့ဖူးပေလိမ့်မည်။ ကျမ်းဂန်စာပေများသည် စာအုပ်စာပေများနှင့် အစဉ်ထိမ်းသိမ်းလာကာ လိုအပ်ပါ ပြန်လည်ရှာဖွေနိုင်၍ မျိုးရိုးမြင့်မြတ်ရန် လိုအပ်သည့် အချက်(၅)ချက်တွင် (၂)ချက်လျှော့ရမည်ဆိုပါက တပည့်တော်သည် ထိုအချက်ကို လျှော့ချပါမည်ဘုရား”

ပုဏ္ဏားကြီး၏ ထိုသို့အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ
“ပုဏ္ဏားကြီး အကယ်၍များ (၃)ချက်လျှော့ပါ ဆိုပါလျှင် မည်သည့်အချက်ကို သင်လျှော့ပါမည်နည်း။”

အချက် (၃)ချက် လျှော့ရမည်ဆိုသော အချိန်တွင် ပုဏ္ဏားကြီးမှာ ပြန်ဖြေရန် အနည်းငယ်ခက်ခဲလာလေပြီး။ ရှေးဦးစွာ မေးခဲ့သော မေးခွန်း (၂)ခုကဲ့သို့ လွယ်လင့်စွာ ဖြေဆိုနိုင်ခြင်းမရှိတော့ပဲ သေချာတွေးဆကာ စဉ်းစားရပေလေသည်။ အချိန်အတော်ကြာ စဉ်းစားလေပြီးသော်အခါဝယ် ပုဏ္ဏားထံမှ
“အရှင်ဘုရား ..မလျှော့မဖြစ် လျှော့ရမည် ဆိုပါက တပည့်တော်သည် “ ဆွေခုနှစ်ဆက်၊မျိုးခုနှစ်ဆက် မျိုးသန့်ရမည်” ဆိုသော အချက်ကို လျှော့ရပါမည်ဘုရား”
ပုဏ္ဏားကြီး၏ ထိုသို့သော အဖြေပြီးဆုံးလျှင် မြတ်စွာဘုရားရှင်ထံမှ မည်သည့်အသံမျှ မထွက်ပေါ်သေးမှီ ပုဏ္ဏားကြီး၏ အမျိုးအနွယ်ဝင် မြို့သူမြို့သားများထံမှ
“အသင်ပုဏ္ဏားကြီး...အဘယ်ကြောင့်ထိုအချက်ကို လျှော့ရမည်နည်း။ အကျွန်နုပ်တို့ မျိုးရိုးကို အထိခိုက်မခံနိုင်ပါ။ မျိုးရိုးဆိုတာ အလွန်အရေးကြီးပါတယ်။ မျိုးရိုးသန့်ချင်၍ ထိုအချက်ကို ထည့်ထားခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးအနေနှင့် လျှော့ချင်လျှော့ ကျန်သော အချက်နှစ်ချက်ထဲမှ ကြိုက်ရာကို လျှော့ပါ။ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မျိုးရိုးသန့်ရမည်ဆိုသော အချက်ကို မလျှော့နိုင်ပါ”
ဟု ဆိုသည့် အသံများ ထွက်ပေါ်လာလေသည်။ ထိုသို့ ဆူညံ့လာသည့်အခါဝယ် ပုဏ္ဏားကြီးမှ မြတ်စွာဘုရားရှင်ထံ ခွင့်တောင်း၍ မတ်တပ်ရပ်ကာ သူ၏ မြို့သူမြို့သားများအား စကားစလေသည်။
“အသင်တို့ ငါဆိုသော စကားကို နားထောင်ကြည့်ပါ။ငါ၏ ဆိုစကား ဆုံးလေသော်မှ သင်တို့၏ မကျေနပ်ချက်များကို ပြောကြားကြပါ။ ငါသည် အဘယ်ကြောင့် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် မျိုးရိုးသန့်ရမည်ဟူသောအချက်ကို လျှော့ချရသည် ဆိုလျှင် ပထမဦးစွာ ငါချန်ထားသည့် အချက်နှစ်ချက်မှာ
“ကိုယ်ကျင့်တရားကောင်းခြင်းဆိုသည့် သီလ”
“မှားမှန်ခွဲခြားနိုင်ခြင်းဆိုသည့် ပညာ”
ဤ နှစ်ချက်ကိုသာ ချန်ထားခဲ့ပါသည်။ အဘယ်ကြောင့် ထိုနှစ်ချက်ကို ချန်ထားခဲ့ရသနည်းဆိုသော် ထိုနှစ်ချက်သည် လူဖြစ်လာသည့် ဘဝဝယ် မရှိမဖြစ် တန်ဖိုးရှိသည့် လူတန်ဖိုးဖြစ်သောကြောင့်ပင်တည်း။
လူတစ်ယောက် ၊ တန်ဖိုးရှိသည့် လူတစ်ယောက်ကို တိုင်းတာလျှင် မည်သည့်အရာနှင့် တိုင်းတာ၍ ရမည်နည်း။
ကိုယ်ကျင့်တရားဆိုသည့် သီလဘယ်လောက်ကောင်းပါသလဲ။

မှားမှန်ခွဲခြားနိုင်သည့် ပညာမည်မျှ ရှိသနည်း။

စသည့် နှစ်ချက်ဖြစ်သာ တိုင်းတာရပါမည်။ ထို့ကြောင့် ထိုနှစ်ချက်ကို ငါပုဏ္ဏား မလျှော့နိုင်ပါ။ ထိုနှစ်ချက်သည် လူဖြစ်ရသည့်ဘဝဝယ် မရှိမဖြစ် လိုအပ်သည့် လူ့တန်ဖိုးသာ ဖြစ်သည်”
ဟု ဆိုကာ မြတ်စွာဘုရားရှင်ထံ ဦးတိုက်ကာ လျှောက်ထားလိုက်လေသည်။
“အရှင်ဘုရား တပည့်တော် ဆုံးဖြတ်ချက် မှားသလား ၊ မှန်သလား ဖြေကြားပေးတော်မူပါ ။ အကယ်၍များ မှားယွင်းခဲ့သည် ရှိပါက အမှန်ကို ညွှန်၍ သွန်သင်ဆုံးမပေးတော်မူပါဘုရား”
ပုဏ္ဏားကြီးထံမှ ထိုသို့သောမေးခွန်ရောက်လာမည်ကို ကြိုတင်သိလင့်သော မြတ်စွာဘုရားရှင်မှာ
“အသင်ပုဏ္ဏားကြီး၏ ဆုံးဖတ်ချက်သည် ငါဘုရား၏ ဆုံးဖြတ်ချက်နှင့် ထပ်တူညီပါပေသည်။ ထို လူတန်ဖိုး ဆိုသည့် တရားကို ဟောမည်ဟုဆုံးဖြတ်ကာ ထိုသို့သော မေးခွန်းများကို မေးလာခဲ့ခြင်းဖြစ်ပါသည်။ ပုဏ္ဏားကြီးဖြေဆိုသကဲ့သို့ပင် လူတစ်ယောက်၏ တန်ဖိုးကို ကိုယ်ကျင့်သီလနှင့် မှားမှန်ခွဲခြားနိုင်သည့် ပညာဖြစ်သာ တိုင်းတာနိုင်ပါသည်။ ထို ကိုယ်ကျင့်သီလနှင့် မှားမှန်ခွဲခြားနိုင်သည့် ပညာသည် လူတန်းဖိုးသာမက လောက၏ ကျက်သရေမင်္ဂလာပင်ဖြစ်တယ်။ ကျက်သရေမင်္ဂလာရှိလိုသော ပုဂ္ဂိုလ်သည် ထို နှစ်ချက်ကိုသာ စောင့်ထိန်းပါ။ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံပါလိမ့်မယ်”

ထိုအကြောင်းအရာသည် မြတ်စွာဘုရားမှ ပုဏ္ဏားကြီးနှင့်ဗြဟ္မာဏအနွယ်ဝင်တို့အား ဟောကြားတော်မူသော တရားတော်မြတ်။
သင်သည် ထိုပုဏ္ဏားကြီးနေရာတွင် ထိုမေးခွန်းမျိုး အမေးခံရလျှင် မည်သို့ ဖြေဆိုပါမည်နည်း။
လူ့သဘော လူ့သဘာဝအရ လူတစ်ယောက်ကိုအမြင်နှင့်ဆုံးဖြတ်တတ်ကြသည်။ ငွေကြေးချမ်းသာမှု ၊ကျော်ကြားမှု ၊ထူးချွန်ကျော်ဇော်မှုတို့သည် လူ့တစ်ယောက်၏ စစ်မှန်သော တန်ဖိုးမဟုတ်ဟု သင် လက်ခံယုံကြည်နိုင်ပါလိမ့်မည်။ တွေးဆနိုင်ပါလိမ့်မည်။
ဒီနေ့ ဒီပို့စ်လေးကို ရေးသားရခြင်း၏ ရည်ရွယ်ချက်က တစ်ခါတစ်ရံ လူ့သဘော လူ့မနောတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် “အတုကြောင့် အစစ်ပျောက်ကွယ်” ဆိုသည့်အတိုင်း တန်ဖိုးအတုအယောင်တွေနောက်ကို ယောင်ရမ်းလိုက်မိရင်း မိမိ၏ နဂိုမူလရှိရင်းစွဲ တန်ဖိုးများကို ချခင်းနင်းမိသည့် အဖြစ်မျိုး သတိမပြုမိပဲ တန်ဖိုး၏ အစစ်အမှန် ကိုယ်ကျင့်သီလ ၊ မှားမှန်ပျောက်ဆုံးကာ စာရိတ္တများပါ ပါသွားတတ်လေသောကြောင့်ဖြစ်သည်။

မေတို့တွေ ပကာသန အတုအယောင်တွေအောက်မှာ ယစ်မှူးနေကြသည့် စိတ်ကို ရုန်းထွက်ကြရအောင်။



မေတို့တွေ အတုအစစ်ကို ခွဲခြားနိုင်သည့် ဥာဏ်ပညာဖြစ် တန်ဖိုးအစစ်ကို ရှာဖွေကြရအောင်။ လက်တွေ့ ကျင့်ကြံကြရအောင်။
မိမိခန္ဓာကိုယ်ကို မည်သည့် တန်ဖိုးရှိသည့် အရာများဖြစ် ဆင်ယင်လိမ်းချယ်ကြမည်လဲ ၊ မိမိ၏ စိတ်ကို မည်သည့် တန်ဖိုးရှိသည့်အရာများဖြစ် စင်ကြယ်အောင် သန့်စင်မည်လဲဟု သေချာတွေးဆ တန်ဖိုးမြင့်တင်ကြစို့လားရှင်။

လူတန်ဖိုး


တစ်ခါက သင်ခန်းတခုမှာ ဆရာက ကျောင်းသားတွေကို ပြောတယ်။
၅၀ဒေါ်လာတန်ကို လိုချင်တဲ့လူတွေ လက်ထောင်လို့ပြောလိုက်တယ်။
အားလုံးနည်းပါး ထောင်ကျတယ်.။
အလကားပေးမှာနော်လို့ထပ်ပြောလိုက်တယ်။ ကျောင်းသားတွေကလည်း
လိုချင်ကြတာပေါ့ အဲဒီလိုပြောပြီး
ဟုတ်ပြီ ကဲမပေးခင် တခုလောက်လုပ်ပါရစေ ...
ပြောပြောဆိုဆိုနဲ့ ငွေကို လုံးချေလိုက်တယ်။ ပြီးတော့မေးလိုက်ပြန်တယ်။
ကဲ တွန့်ကြေသွားပြီ
လိုချင်တဲ့လူရှိသေးလား..ကျောင်းသားတွေလည်း ဆက်ပြီးလက်ထောင်ကျတယ် ။
ကောင်းပြီဒါဆို ဟောသလို ထပ်လုပ်မယ်ကွာ .....စကားအဆုံးမှာ
သူ့ဖိနပ်နဲ့ ကြမ်းပြင်ပေါ်ကို နင်းချေလိုက်တယ်။ အဲ့ဒီအခါမှာတော့ ၅၀တန်လေးက
နွမ်းရုံမက ဘူး ညစ်ပတ်သွားပါတယ် ။
ကဲလိုချင် ကြသေးလား အရေအတွက်က လျော့မသွားပါဘူး။
ပိုတောင်တိုးနေသေးတယ် ။
အဲ့ဒီအခါမှာ ဆရာက ပြောလိုက်တယ် ဒါဟာ အင်မတန့်ကို
အဖိုးတန်တဲ့ သင်ခန်းစာပါပဲ။ သည်၅၀တန်လေးကို ဆရာဘာပဲ လုပ်လုပ် မင်းတို့
လိုချင်ကြတယ်နော် ။ ဘာလို့လဲ ဆရာဘာပဲလုပ်လိုက်လုပ်လိုက် ၅၀တန်ရဲ့
တန်ဖိုးက လျော့မသွားလို့ပါပဲ ......
ဆရာတို့ ဘ၀မှာလည်း ကိုယ်တိုင်ချမိသွားတဲ့
ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ဖြစ်၊ အခြေနေအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ်
အကြိမ်ပေါင်းများစွာ အချေခံကြရပါလိမ့်မယ်။ အဲ့လိုအချိန်မျိုးတွေမှာ
ဆရာတို့တွေဟာ ကိုယ့်ကိုကိုယ်စိတ်ပျက်ပြီး တန်ဖိုးမရှိတဲ့သူလို့
တွေးမိတဲ့အခါတွေလည်း ရှိပါတယ်...
ဒါပေမယ့် တပည့်တို့ ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်လာဖြစ်လာ
တစ်ဦးချင်းစီ ရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ လျော့ကျသွားမှာ မဟုတ်ပါဘူး
ညစ်ပေနေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းနေတာပဲဖြစ်ဖြစ်
တွန့်ကြေနေလို့ ပဲ နေနေ ကော့ပျံပြီးပဲရှိရှိ လူဟာလူပါပဲ။ ဘ၀ရဲ့တန်ဖိုးကို
ဘာတွေလုပ်တယ် ဘာတွေသိတယ် ဘာတွေပိုင်တယ် ဆိုတာတွေနဲ့ ဆုံးဖြတ်ပေးနေတာ
မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးကို သိနေတဲ့ လူတွေအတွက်တော့
ကိုဟာအမြဲတန်ဖိုးရှိနေမှာပဲ။ ။

0 Comments:

Post a Comment